ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ လက်နက် တပ်ဆင်မှု သင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်က မကွေးတိုင်းတစ်နေရာမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားမှာ လက်နက်ပေးအပ်ခြင်းအစီအစဉ် များပါဝင်ခဲ့ပြီး သင်တန်းကာလအတွင်း လက်နက် ငယ်၊ လက်နက်ကြီးကျွမ်းကျင်မှုဘာသာရပ်များ၊ ဒရုန်းနှင့်စနိုက်ပါ သင်တန်းများကိုပါ ထည့်သွင်းသင်ကြားပေးခဲ့တာဖြစ်ပါတယ်။
အခမ်းအနားသို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။