စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်ရဲ့မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် (၃၀၀) ကျော် ပြာကျခဲ့ရတဲ့ သမ္မာရိုးရွာက ပြည်သူ ၁၂၀၀ ကျော် အတွက် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိတယ်လို့ တမာရင်ခွင် လူမှုကူညီရေး အသင်းဆီက သိရပါတယ်။
မတ်လ (၁၇) ရက်က ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံများနေအိမ် ၃၀၀ ကျော်နဲ့ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျခဲ့ရပြီး ကျေးရွာနေ ပြည်သူ ၁၂၀၀ ကျော်ဟာ စားနိပ်ရိက္ခာတွေ အရေးတကြီး လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။