နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ဘလင်ကန်က ထိန်းသိမ်းထားသော အမေရိကန်နှစ်ယောက်အား လွှတ်ပေးရန် ရုရှားကို တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အတိုက်အခံရုရှားကို ယူကရိန်စစ်ပွဲဖြစ်ပြီး နောက်ပိုင်းတွင် ဆက်သွယ်မှုမရှိသော ရှားပါးသော ဖုန်းခေါ်ဆိုမှုကို ပြုလုပ်ပြီး လွန်ခဲ့သောသတင်းပတ်က ထိန်းသိမ်း ခံခဲ့ရသော Wall Street Journal သတင်းထောက်နှင့် ထောက်ကျနေသော အမေရိကန် ပေါလ် ဝှီလန်တို့ကို ချက်ချင်း လွှတ်ပေးရန် ရုရှားအစိုးရကို တိုက်တွန်းလိုက်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ကို ဘလင်ကန်က ကရင်မလင်မှ သတင်းထောက် အီဗန်ဂါစကိုဗစ်ကို သူလျှိုလုပ်မှုဖြင့် ဖမ်းဆီးထားခြင်းကို အထူးစိုးရိမ်မိကြောင်း ဘလင်ကန်က ပြောကြားလိုက်ပြီး ချက်ချင်း လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် မှားယွင်းစွာဖမ်းဆီးထားသော ဝှီလန်ကိုလည်း ချက်ချင်းလွှတ်ပေးရန် ဘလင်ကန်က တောင်းဆိုခဲ့ကြောင်း နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံးမှ ပြောဆိုခဲ့သည်။ဝှီလန်သည်မစ်ရှီဂန်ကော်ပိုရိတ်၏ လုံခြုံရေးဦးဆောင်ညွှန်ကြားရေးမှူး တဦးဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံတွင် သူလျှိုလုပ်မှု စွပ်စွဲချက်ဖြင့် တရားစွဲခံရပြီး သူ့မိသားစုနှင့် အမေရိကန်အစိုးရမှ စွပ်စွဲချက်သည် အခြေအမြစ် မရှိကြောင်း ပြောဆိုခဲ့သော်လည်း ထောင်ဒဏ် ၁၆ နှစ် ကျခံနေရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုချက်အရ ဘလင်ကန်နှင့် လက်ဗရော့တို့သည် သံတမန်ရေးရာ မစ်ရှင်တခုအတွက် အရေးကြီးသည့် ဖန်တီးမှု လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။ KGB နေရာကို ဆက်ခံသည့် ရုရှားထိပ်တန်း လုံခြုံရေးအေဂျင်စီ FBS က အီဗန်ဂါစကိုဗစ်သည် စစ်တပ်-စက်မှုဇုန်၏ လုပ်ငန်းတစ်ခုနှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းခဲ့သည်ဟု ဆိုသည်။ ရုရှားအာဏာပိုင်များက သူ့အား လွန်ခဲ့သောအပတ်က ထိန်းသိမ်းခဲ့သည်။

စစ်အေးကာလနောက်ပိုင်း အမေရိကန် သတင်းထောက်တယောက်အား ရုရှားအာဏာပိုင်များက သူလျှိုမှုဖြင့် ဖမ်းဆီခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 25 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 35 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 30 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အမေရိကန်

သမတထရမ့်ကိုတရားစွဲထားသောနောက်ဆုံးလက်ကျန်အမှုပယ်ချလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 49 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် ဂျော်ဂျီယာအမှု ပယ်ချခံရ။ ဂျော်ဂျီယာပြည်နယ်တွင် သမ္မတထရန့်မ်နှင့် အခြားပူးတွဲ တရားခံများအပေါ် ၂၀၂၀ ရွေးကောက်ပွဲ ကိစ္စဖြင့် စွဲဆိုထားသော ရာဇဝတ်မှုအမှုကို တရားရုံး၏ အမိန့်ဖြင့် ပယ်ချခံခဲ့ရသည်။ ဂျော်ဂျီယာရွေးကောက်ပွဲ စွက်ဖက်မှုအမှု ပယ်ချခြင်း အသေးစိတ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီသမတအိမ်တော်နားပစ်ခတ်မှုတွင်တဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 50 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၈ရက် ဝါရှင်တန်ဒီစီ ပစ်ခတ်မှု။ ဝါရှင်တန်ဒီစီရှိ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) အဖွဲ့ဝင်တစ်ဦးဖြစ်သူ တပ်သား ဆာရာဘက်စတွမ်( Army Spc. Sarah Beckstrom)ကို ပစ်သတ်မှုနှင့် ပတ်သက်၍ FBI က စုံစမ်းစစ်ဆေးမှုများ
နိုင်ငံတကာသတင်း အမေရိကန်

သမတအခန်းထဲ – ထရမ့်နှင့် မမ်ဒါနီတို့၏ တွေ့ဆုံမှုအတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 51 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် သူတို့သည် အိမ်ခြံမြေအကြောင်း ပြောဆိုခဲ့ကြသည်၊ ရှုပ်ထွေးသော ဇုန်သတ်မှတ်ရေး စည်းမျဉ်းများကို ငြင်းခုံခဲ့ကြသည်၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ခအနူန်းများကို လျှပ်စစ် လုပ်ငန်းကြီး တစ်ခုမှ မည်သို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 58 Views
ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ ၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၆ရက် အမေရိကန်ပြည်ထောင်စုမှ အဆိုပြုထားသည့် ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ နောက်ဆုံးပေါ် တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။- အမေရိကန်မှ အဆိုပြုထားသည့် အစီအစဉ် မူရင်းအစီအစဉ်။ အစတင်တွင် ၂၈-ချက် ပါဝင်ပြီး