လီဗာပူးအသင်းအနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ရပ်တည်နိုင်ဖို့ အခွင့်အရေးအနည်းငယ် သာရှိတယ်လို့ နည်းပြဂျာဂင်ကလော့ပ်က ဝန်ခံပြောဆိုလိုက်ပါတယ်။ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပြီး လက်ရှိအမှတ်ပေးဇယားမှာ အဆင့် ၈ နေရာရပ်တည်နေရတာပါ။
လက်ရှိမှာ ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေခဲ့တဲ့ လီဗာပူးအသင်းအနေနဲ့ ယခုတစ်ပတ်တနင်္ဂနွေညမှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကိုအဝေးကွင်းရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဲဒီပွဲမှာ အာဆင်နယ် အသင်းကို အနိုင်မရခဲ့ဘူးဆိုရင်တော့ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ဟာ ကုန်ဆုံးသွားဖွယ်ရှိနေပါတယ်။
ဒါကြောင့်လည်း ဂျာဂင်ကလော့ပ်က “ရာသီကုန်မှာ ကျတော်တို့ အဆင့်ဘယ်လောက် ရမလဲဆိုတာ မသိသေးပါဘူး။ ကျတော်သိထားတာက လောလောဆယ်မှာ အာဆင်နယ်ကို ကျော်ဖြတ်နိုင်ဖို့ပါ။ ကျတော်တို့အနေနဲ့ လာမယ့်ရာသီသစ်မှာ ပြောင်းလဲမှုအသစ်တွေနဲ့ စတင်နိုင်ဖို့ လိုပါတယ်။ ဒီရာသီလက်ကျန်ပွဲတွေအားလုံးကို ရှုံးနိမ့်သွားခဲ့ရင်လည်း နောက်ရာသီအတွက်ပဲ အာရုံစိုက် ပြင်ဆင်သွားမှာပါ”လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့မယ်ဆိုရင်တော့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဝေးကွာရမှာဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ဒဏ်ရာကြောင့် ၉ ပွဲ လွဲချော်ခဲ့ရတဲ့ ကွင်းလယ်လူ အဲလ်ကန်တာယာကတော့ အာဆင်နယ်နဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ်မှာ ပြန်ကစားနိုင်ဖို့ရှိနေပါတယ်။