နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးကုတ်၊ လယ်ကြီး စစ်တပ်ဂိတ်တွေကို KIA /PDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်

စစ်ကောင်စီ တပ်မ (၈၈) မှ အများဆုံးသေဆုံး ၊လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ မိုးကုတ်-ပြင်ဦးလွင်-ကျောက်မဲဆက်သွယ်ရေးလမ်းပေါ်မှ လယ်ကြီးစစ်တပ် စခန်းနှင့်ရဲဂိတ်တို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ (၇) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF (Kachin Region) ရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ရှမ်းမြောက်ဒေသ တပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ PDF အဖွဲ့များ ပူးပေါင်း ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

လယ်ကြီးစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ မိုးမိတ်ခရိုင် KPDF က ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲ အတွင်း ‌ စစ်ကောင်စီဘက်မှ သေဆုံး မှုများရှိခဲ့တာဖြစ်ပြီး အများဆုံးမှာ စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံတပ်ရင်းများမှ ဖြစ်ပြီး လက်နက်၊ ခဲယမ်းများလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဗီဒီယိုဖိုင်များ နဲ့ အတူ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်များအနေဖြင့် အောင်းကုန်းရွာတွင် ထပ်မံ တပ်စွဲထားပြီး စစ်ကူအင်အားဖြည့်တင်းမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

စစ်ကောင်စီတပ်များ နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေတာကြောင့် နံ့သာရွာ၊ အောင်းကုန်းရွာနှင့် အင်ပင်ကျေးရွာများအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများက ဒေသခံပြည်သူ ထောင်နှင့်ချီ ကာ ထွက်ပြေးတိမ်းရှောင်နေရ တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Era’seyes | Pho-မိုးမိတ်ခရိုင် KPDF တပ်ရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 12 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန်
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 13 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 16 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
ဇူလိုင်လ (၃၀)ရက်။ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့
မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 27 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GZA အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ (၆)ခု၊
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 15 Views
ဇူလိုင်လ (၂၉)ရက်။ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ
မြန်မာသတင်း

သေဒဏ်အထိကျခံနိုင်တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကာကွယ်တဲ့ဥပဒေတရပ် စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 24 Views
ဇူလိုင်လ (၂၉)ရက်။ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ထိန်းသိမ်းကာကွယ်တဲ့ဥပဒေကို စစ်ကောင်စီက မနေ့က ဇူလိုင်လ (၂၈)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေဟာ စစ်ဘက်ဆိုင်ရာဗျူဟာတွေ၊ နည်းဗျူဟာတွေ၊ စစ်ဘက်လေ့ကျင့်ရေးကိစ္စတွေ၊ စစ်တပ်သုံးရေယာဉ်၊ လေယာဉ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊