ဖလမ်းမြိုနယ် ဝေဘူလမြိုမှာ ဧပြီ (၁၀) ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ ဒေသခံ (၇)ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံများပြောကြားချက်အရ မည်သည့် တိုက်ပွဲမျှ မရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းက နေ ဂျက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး သေဆုံး ထိခိုက် ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။
Era’sEyes | Photo – အကြောင်းမဲ့ဗုံးကြဲခံရသည့် ဝေဘူလမြို့ ။