ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း
မတ်လ (၁၃)ရက်။ မြန်မာနိုင်ငံမှာ ဘယ်အာဏာရှင်မှ ခေါင်းထောင်မလာနိုင်အောင် အတူတကွ တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့မှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ (၈)လေးလုံး အရေးတော်ပုံကြီးကနေ နွေဦးတော်လှန်ရေးအထိ ကျောင်းသားပြည်သူပေါင်း အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရပြီး သမိုင်းက ဖြစ်ရပ်ဆိုးတွေကို မမေ့ဘဲ အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းဖို့နဲ့