နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 25 ရက်

Myanmar News

Myanmar News ချင်းပြည်နယ် ပြည်တွင်းသတင်း

မဇ္ဈိမမှသည် ချင်းတောင်တန်းနှင့် ပုံတောင်ပုံညာဆီသို့

ခေတ်မျက်လုံးသတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော် (ABSDF ဥက္ကဋ္ဌဟောင်း) ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာပြည်ထဲကို အိန္ဒိယဘက်ခြမ်းကနေ ချင်းတောင်တန်းကို ဖြတ်ပြီး ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့ပါတယ်။

ပထမပိုင်းအနေနဲ့ အိန္ဒိယဘက်ကို စစ်ဘေးရှောင်လာတဲ့အရပ်သားပြည်သူတွေ၊ CDM ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး တွေ့ကြုံရင်ဆိုင်နေရတဲ့ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့တာတွေနဲ့ ပြည်တွင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF-Mindat ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေနဲ့ တွေ့ဆုံခဲ့ပြီး လက်ရှိချင်းပြည်ရဲ့ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့တာတွေကို တင်ဆက်သွားပါ့မယ်။

အဲ့ဒီပထမပိုင်းမှာပဲ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုယောမန်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ တွေ့ဆုံမေးမြန်းခန်းအပါအဝင် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အပေါ်ကနေ အုပ်ချုပ်တာ Top Down မဟုတ်ဘဲ အောက်ခြေကနေ ရွေးချယ်တဲ့ Bottom up စနစ်တို့ကိုလည်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအနေနဲ့ ချင်းဘက်ကနေ ပုံတောင်ပုံညာကို ဖြတ်ပြီး မကွေးတိုင်း ယောဒေသကို သွားရောက်ခဲ့တဲ့အကြောင်းနဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF နဲ့လည်း တွေ့ဆုံခဲ့တာတွေကို တင်ပြသွားပါ့မယ်။

တတိယပိုင်းအနေနဲ့ ပြည်တွင်းအခြေအနေတွေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဘာတွေ လိုအပ်နေတယ်ဆိုတာတွေကို အကြောင်းအရာ စုံလင်စွာနဲ့ ဆက်လက်တင်ပြပေးသွားပါ့မယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ပြည်တွင်းသတင်း

ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ဒဏ် တစ်နှစ်ချ

  • 2024 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 58 Views
သြဂုတ်လ (၁၂) ရက်။ ဆန်ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု
ပြည်တွင်းသတင်း အရှေ့တောင်အာရှ

သက်ဆင်နဲ့ စစ်ခေါင်းဆောင်တွေ ဘာတွေကြံစည်နေကြသလဲ။

  • 2024 ခုနှစ်၊ မေလ 5 ရက်
  • 83 Views
မြန်မာ့အရေး ထိုင်းအတွေး အပိုင်း (၁၆) ခေတ်မျက်လုံးသတင်းဌာနမှာ ထိုင်းအရေးကျွမ်းကျင်သူ စတီဗင်စန်းယု အပတ်စဉ် တင်ဆက်နေတဲ့ မြန်မာ့အရေး ထိုင်းအတွေး အစီအစဉ်ကနေ
ပြည်တွင်းသတင်း

လေကြောင်းရန် ကြိုတင်ပြင်ဆင်နိုင်ဖို့ NUG ရဲ့ အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 117 Views
ဇန်နဝါရီလ (၂၀)ရက်။ NUG ရဲ့ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးကော်မတီ(EOCC)က အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ဝင်တွေ ဖွဲ့စည်းပြီး လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ရန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်တွင်းသတင်း

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 144 Views
ဇန်နဝါရီလ (၁၇) ရက်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ Army Operations Center ၊ Neighboring Countries Coordination Center (NCCC) ဌာနရဲ့ အကြီးအကဲဖြစ်သူ
ပြည်တွင်းသတင်း မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့အသင့်ပြင်နေတဲ့အနေအထားလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 114 Views
ဇန်နဝါရီလ (၁၈)ရက်။ အကြမ်းဖက်စစ်တပ်ဟာ ပြေးဖို့ အသင့်ပြင်နေတဲ့အနေအထားဖြစ်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ ကြားကာလဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရ လဲပြိုနေပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ တွေ့မြင်
ပြည်တွင်းသတင်း

မုံရွာမှာ လူဦးရေထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှုပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 83 Views
ဇန်နဝါရီလ (၁၇) ရက်။ လုံခြုံရေးတင်းကြပ်ထားတဲ့ မုံရွာမြို့ တစ်နေရာမှာ လူဦးရေ ထောင်နဲ့ချီတဲ့ သပိတ်စစ်ကြောင်း ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မုံရွာလူထုသပိတ်စစ်ကြောင်းအရှည်ကြီးကို မကွေးလူထုတိုက်ပွဲကော်မတီနဲ့အတူ ချီတက်ခဲ့ကြကာ ကျေးရွာအနှံ့အပြားက ပြည်သူဦးရေ
ပြည်တွင်းသတင်း

ကန့်ဘလူမြို့က ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ရှုံးမဲမဲပြီး မီးရှို့ဖျက်ဆီးခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 114 Views
ဇန်နဝါရီလ (၁၂) ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲရှိ ကျေးရွာ (၃)ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာက ပျူစောထီးအထိုင်စခန်းကို ပကဖတွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ ပျူစောထီး
စစ်ရေးသတင်း ပြည်တွင်းသတင်း

စစ်ကိုင်း ကန့်ဘလူက စစ်ကောင်စီနဲ့ ပျူစောထီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 91 Views
ဇန်နဝါရီလ (၁၁)ရက်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်တပ်ရင်းတွေ၊ ခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့တွေနဲ့