လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို စစ်ကောင်စီက ပါတီတည်ထောင်ခွင့် ငြင်းပယ်
ဩဂုတ်လ (၆)ရက်။ လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် ငြင်းပယ်လိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅အရ လူ့ဘောင်သစ်ပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ရဲ့ လျှောက်ထားချက်တွေကို သက်ဆိုင်ရာ၀န်ကြီးဌာနတွေက စိစစ်ခဲ့တယ်လို့ ဆိုပါတယ်။ စိစစ်ပြန်ကြားချက်တွေအရ...