နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG တိုက်တွန်း

မေလ (၁)ရက်။

နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတက ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားထုကို ပေးပို့တဲ့သဝဏ်လွှာထဲ ‌တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတာကြောင့် ချွတ်ခြုံကျနေတဲ့ နိုင်ငံရဲ့ စီးပွားရေးဟာ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းတာကြောင့် လုပ်ငန်းခွင်တွေကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် လုပ်အားဆုံးရှုံးတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး လုပ်သားတွေရဲ့ စစ်မှုထမ်းကာလ လုပ်ခလစာကို အလုပ်ရှင်က ပေးချေဖို့ မတရားဥပဒေပြဋ္ဌာန်းကာ အလုပ်ရှင်တွေအပေါ် ဖိနှိပ်တာနဲ့ အင်အားပြင်းထန်တဲ့ စစ်ကိုင်းငလျင်ကြောင့် အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုအခြေအနေမှာ အလုပ်သမားတွေနဲ့ သူတို့ကို မှီခိုနေတဲ့ မိသားစုတွေအပေါ် ကျရောက်နေတဲ့ လူမှုစီးပွား ထိခိုက်တာအပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ သဝဏ်လွှာထဲ ထည့်သွင်းရေးသားထားပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး နေတိုင်းခံစားနေရတဲ့ ကိုယ်၊ စိတ် ဒုက္ခမျိုးစုံဟာ အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းနိုင်မှသာ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တန်းတူညီမျှရေး၊ ယိုယွင်းနေတဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှာလို့လဲ ပြောဆိုထားပါတယ်။

အခုနှစ် မေဒေးအတွက် ကြွေးကြော်တဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လူမှုတရားမျှတရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ အလုပ်အကိုင်၊ Social Justice and Decent Work”ဆိုတဲ့ စစ်အုပ်စုရဲ့ ကျူးလွန်တာတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ဖို့နဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်တွေမှာ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ ဝိုင်းဝန်းကြိုးပမ်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အလေးထားတဲ့ ကုလ၊ ILO၊ နိုင်ငံတကာအဖွဲ့တွေနဲ့ အစိုးရတွေအနေနဲ့ လက်တွေ့ဆန်တဲ့ ပံ့ပိုးကူညီတာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ ပြုလုပ်ပေးဖို့ NUG က ထပ်မံတောင်းဆိုထားပါတယ်။

သမိုင်းတလျှောက် အလုပ်သမားတွေရဲ့ လူမှုတရားမျှတဖို့နဲ့ ဒီမိုကရေစီအရေး အားထုတ်တာတွေကို လေးစားဂုဏ်ပြုပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတခု တည်ဆောက်တာမှာ NUG အနေနဲ့ ပြည်သူတရပ်လုံးနဲ့ တသားထဲ အတူရှိမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို