နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ဦးမှာ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

ဧပြီလ (၃၀)ရက်။

ဧပြီလ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ညောင်ဦးခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဧပြီလ (၂၆)ရက်နေ့က ညောင်ဦးခရိုင် ငါးသရောက်မြို့နယ်ခွဲ ရဲစခန်းကနေ ထွက်လာတဲ့ အင်အား (၁၂၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တောပြားရွာနဲ့ တံတားရွာဘက်ကို ဝင်ရောက်တပ်စွဲပြီး ‌(၂၇)ရက်မှာတော့ တံတားရွာကနေ တောင်ခမောက်ရွာကို စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PGF နဲ့ 21 Bagan တပ်ဖွဲ့တို့ ပူးပေါင်းထားတဲ့ ရှေ့ပြေးကင်းတပ်စိတ်နဲ့ လမ်းပိုင်းတနေရာမှာ (၁)နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ပုဂံဘီလူးတပ်နဲ့ မဟာမိတ်တွေ ထပ်မံရောက်လာပြီး မိနစ် (၃၀)ကြာ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူကြောင့် မဟာမိတ်တပ်ပေါင်းစုတွေ ဆုတ်ခွာပေးခဲ့ကာ အဲ့ဒီလိုဆုတ်ခွာချိန် စစ်ကောင်စီတပ်က တောင်ခမောက်ရွာထဲ ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်တရက်ဖြစ်တဲ့ ဧပြီလ (၂၈)ရက်နေ့ နံနက်ပိုင်းမှာ တောင်ခမောက်ရွာကနေ ကျောင်ပန်းတောင်းမြို့နယ် ထောက်ရှာရွာဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PGF တပ်ဖွဲ့နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က အထိနာပြီး လေကြောင်းကနေ (၆)ကြိမ်တိတိ ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ (၂)ရက်တာတိုက်ပွဲထဲ စစ်ကောင်စီသုံ့ပန်း (၂)ဦး ဖမ်းမိခဲ့ပြီး ရဲတပ်ကြပ်အပါအဝင် (၅)ဦးသေဆုံးကာ (၄၃)ဦး ဒဏ်ရာရရှိခဲ့သလို အဲ့ဒီဒဏ်ရာရသူတွေထဲ အရာခံဗိုလ်တဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆက်ပြောပါတယ်။

တိုက်ပွဲထဲ PGF တပ်ဖွဲ့က ရဲဘော် (၁)ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ကာ စစ်ကောင်စီထံက M22 (၂)လက်၊ Equipment (၁)ခု၊ လက်ပစ်ဗုံး (၃)လုံး၊ စကားပြောစက် (၄)လုံးနဲ့ ၇.၆၂ကျည် (၈၀)အပြင် အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ဆင်ရေးထဲ Popa Guerilla Force(PGF)တပ်ဖွဲ့နဲ့အတူ ပုဂံပြည်ဘီလူးတပ်၊ (21)Bagan၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ ညောင်ဦးခရိုင်တပ်ရင်း(၅)၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦးခရိုင် ပကဖ၊ မိုးမခ ပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ ရန်ကြီးအောင်တပ်၊ မန်းဘခိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Scorpions People Defend Force တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 13 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 14 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 14 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 11 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 33 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 27 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 26 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို