ပဋိပက္ခတွေကို လျော့ချပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင်ပြော
ဒီဇင်ဘာလ (၃၀)ရက်။ ပဋိပက္ခတွေကို လျော့ချပြီး တွေ့ဆုံဆွေးနွေးတာနဲ့ ဖြေရှင်းနိုင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်ဖို့အတွက် အလေးထားဆောင်ရွက်နေကာ တစ်ဦးနဲ့တစ်ဦးကြား နားလည်မှုလွဲမှားတာနဲ့...









