နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သီပေါမြို့အဝင်မုခ်ဦးပုံစံ TNLA ပြောင်းလဲတဲ့‌အပေါ် သျှမ်းအရပ်ဖက်အင်အားစုတွေ ကန့်ကွက်

ဖေဖော်ဝါရီလ (၈)ရက်။

TNLA က သီပေါမြို့အဝင်ဆိုင်းဘုတ်ကို ပုံစံပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီး သျှမ်းအရပ်ဖက်အင်အားစုတွေက ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

သီပေါမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်ကို ဒေသခံတွေရဲ့ သဘောဆန္ဒမပါဘဲ လူမျိုးစုတစ်ခုထဲသာ ကိုယ်စားပြုတဲ့ အသွင်ပုံစံနဲ့ ပြောင်းလဲလိုက်တာလို့ ဆိုပါတယ်။

အဲ့ဒီလိုပြောင်းလဲလိုက်တာဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အာဏာရှင်တော်လှန်ရေးကို အကြောင်းပြုပြီး နယ်ချဲ့ဝါဒကို ကျင့်သုံးလာနေပြီလားဆိုတာ တွေးထင်စေနိုင်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်တာမှာ ပြည်နယ်မြို့ပြထဲနေထိုင်တဲ့ ဒေသခံပြည်သူတွေသာ အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်တွေဖြစ်ရာ TNLA ရဲ့ လုပ်ဆောင်ချက်က ဒေသခံပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ချိုးဖောက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် သီပေါမြို့အဝင်မုခ်ဦးကို ပုံသဏ္ဍာန်ပြောင်းလဲတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ထားပြီး TNLA အနေနဲ့ မူလပုံသဏ္ဍာန်တိုင်းသာထားဖို့နဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။

အခုလို TNLA က မြို့အဝင်မုခ်ဦး ‌ပုံစံပြောင်းလဲတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ သျှမ်းအရပ်ဖက်အင်အားစုတွေဟာ Tai Student Union၊ SL & CC university of Yangon၊ Kunhing Organization၊ Tai Youth Yangon-TYY နဲ့ Global Shan Network-GSN တို့ဖြစ်ပါတယ်။

အရင်က သီပေါမြို့အဝင်မုခ်ဦးဟာ သျှမ်းပြည်အလံနဲ့ သျှမ်းဘာသာစကားတို့ပါရှိပြီး အခုလ (၇)ရက်နေ့ကစတင်ကာ TNLA က တအန်းအမျိုးသားအလံပုံစံနဲ့ အရောင်တို့ကို အစားထိုးပြောင်းလဲခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 59 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 47 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို