တိုက်ပွဲကြောင့် ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ(၆)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ
ဒီဇင်ဘာလ (၁၄)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ (၆)ရွာခန့်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။ “ မနေ့က နံနက်ပိုင်းကစပြီး ဝမ်ပေါင်ထဲကထွက်လာတဲ့ စကစတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာ။ အဲ့ဒီတိုက်ပွဲတွေကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း...









