ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားတွေကို စစ်ခေါင်းဆောင် ထပ်မံတိုက်တွန်း
ဖေဖော်ဝါရီလ (၁၂)ရက်။ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးတဲ့လမ်းကြောင်းပေါ် တိုင်းရင်းသားတွေ လက်တွဲပူးပေါင်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ သဘောထားကွဲတာတွေရှိပေမယ့် လိုလားချက်တွေကို လက်နက်ကိုင်နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့လမ်းစဉ်ဖြစ်ပြီး...









