ရမခ လက်လွှတ်ဆုံးရှုံးရတဲ့အချိန်မှာ စစ်ခေါင်းဆောင်က လျှပ်စစ်ရထားပြေးဆွဲဖို့ကို သွားရောက်စီစဉ်နေ
ဩဂုတ်လ (၄)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ဖို့ မနေ့က စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) ကို သွားရောက်စစ်ဆေးခဲ့ချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံကိုသွားရောက်တဲ့အချိန် စစ်ခေါင်းဆောင်က လျှပ်စစ်ရထားပြေးဆွဲနိုင်တဲ့အထိ လုပ်ဆောင်ကြဖို့နဲ့ ရထားလမ်းတွေ အဆင့်မြှင့်တင်တည်ဆောက်နိုင်ဖို့အပါအ၀င်...