နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

ဒီဇင်ဘာလ (၁၂)ရက်။

မနေ့က ည (၁၁)နာရီအချိန်ခန့်က စစ်ရှုံးစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ရှုံးစစ်ကောင်စီရဲ့ တပခဌာနချုပ်ဝန်းထဲကို ၁၀၇မမ ရှော့တိုက်ဒုံး (၄)လုံးပစ်တာကို (၂)လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပါတယ်။ တပခဌာနချုပ်က ပဲခူးနဲ့ ကရင်မြောက်ခြမ်းဒေသတွေနဲ့ ထိစပ်တဲ့နေရာတွေက တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စကစတွေကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ တိုင်းစစ်ဌာနချုပ်” လို့ ဆိုပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့ တပခဌာနချုပ်ကို BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

တပခစစ်ဌာနချုပ်ဟာ ပဲခူးတိုင်း၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်း ဒေသတွေနဲ့ ထိစပ်နေတဲ့ နေရာဒေသတွေက တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မယ့်ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကို အဓိကအမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်လို့ ရေးသားထားပါတယ်။

အခုလိုတိုက်ခိုက်တာဟာ တော်လှန်ရေး ရှေ့အရွေ့တစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်သလို တိုင်းစစ်ဌာနချုပ်တွေဟာ BWM အဖွဲ့ရဲ့ အဓိကဦးတည်တိုက်ခိုက်တဲ့ အရေးကြီးစစ်ရေးပစ်မှတ်တွေမှာ ပါဝင်နေတဲ့အတွက် တိုက်ခိုက်တာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအသီးသီးက နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာကြီးတွေဖြစ်ပြီး ပင်မစစ်ဌာနချုပ်နဲ့အတူ COC အောက်မှာရှိတဲ့ တပ်တွေ အင်အားချည့်နဲ့စေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တပခစစ်ဌာနချုပ်ထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေပြီး သိရှိရသမျှကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ အသိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းအများအပြား ဖမ်းမိတယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 10 Views
ဇွန်လ (၂၀)ရက်။ ဇွန်လ (၁၇)ရက်နေ့ ကွတ်ခိုင်မြို့ ဟိုကျန့်ရွာက နေအိမ်တအိမ်မှာ လက်နက်ခဲယမ်းအများအပြားနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပြည်သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 7 Views
ဇွန်လ (၂၀)ရက်။ ပြည်သူ‌နဲ့အတူ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နွေဦးတော်လှန်ရေးကြီးနဲ့ ထပ်တူရပ်တည်နေတယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ မနေ့က ‌ပေးပိုးတဲ့
မြန်မာသတင်း

စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ မနေ့က ပုလဲမြို့နယ်ထဲ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး (၂)ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် မနေ့က
မြန်မာသတင်း

ချင်းလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းအဖွဲ့ (၁၈)ဖွဲ့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 8 Views
ဇွန်လ (၂၀)ရက်။ ချင်းတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တိုက်ထုတ်ဖို့ ချင်းလက်နက်ကိုင် (၁၈)ဖွဲ့က မနေ့က ပူးတွဲထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ချင်းလူမျိုးနဲ့ ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးအတွက်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၀၀၀)ကျော်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 20 ရက်
  • 5 Views
ဇွန်လ (၂၀)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းဗီဒီယို စုစုပေါင်း (၁၁၀၁၀၀)အထိ ရရှိခဲ့တယ်လို့ SUU 80th Birthday Campaign ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကကျရောက်တဲ့ အမေ့ရဲ့ မွေးနေ့မှာ
မြန်မာသတင်း

ပုလဲမြို့ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်မှာ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ (၂)ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာ (၁၈)ရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့မှာ သိမ်းပိုက်နိုင်ခဲ့တာလို့
မြန်မာသတင်း

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့မှာ စစ်အာဏာရှင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒေါအောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ(ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)က “ SUU 80th” စာသားကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇွန်လ 19 ရက်
  • 24 Views
ဇွန်လ (၁၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် မြင်စေချင်တဲ့ ပြည်သူတွေ ကြောက်ရွံ့မှုက လွတ်မြောက်အောင် လက်တွေ့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ဟာ