နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်းဘွဲ့မြို့မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူး‌တွေခေါ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံခိုင်းထား

ဒီဇင်ဘာလ (၁၂)ရက်။

လှိုင်းဘွဲ့မြို့ပေါ်က ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အစည်းအဝေးခေါ်ပြီး စစ်မှုထမ်းကောက်ခံခိုင်းထားတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လှိုင်းဘွဲ့ဗျူဟာရုံးမှာ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက် (က) နဲ့ (ဃ)အပါအဝင် ထော်ရွှဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချောင်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျုံပကိုနဲ့ တခင်းလုံတို့က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လုံခြုံရေးအစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းနဲ့ဆိုင်တဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့ကာ ဒီကနေ့နောက်ဆုံးထားပြီး အပတ်စဉ်(၈)အတွက် စစ်မှုထမ်းတပ်သားသစ်တွေ လာပို့ဖို့ ညွှန်ကြားခဲ့တာပါ။

အခုလိုညွှန်ကြားတာကို ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးခဲ့တာဖြစ်ပြီး ကျေးနယ်တစ်ခုကို လူတစ်ဦးနှုန်း ပေးရမှာဖြစ်သလို မပေးနိုင်ရင် လူတစ်ယောက်အစား ငွေကျပ်သိန်း(၃၀)ပေးရမယ်လို့ ဆိုပါတယ်။

နောက်ပြီး အမိန့်ညွှန်ကြားချက်ကို မလိုက်နာရင် မြို့အဝင်အထွက်ဂိတ်တွေကနေ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးသွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၀)ရက်နေ့ကလဲ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သီးသန့်အစည်းအဝေးကို ခေါ်ယူပြီး အပတ်စဉ်(၇)အတွက် ပို့ဆောင်တာမရှိတဲ့ ကျေးနယ်တွေကို အခုအပတ်စဉ်(၈)အတွက် တစ်ယောက် မဖြစ်မနေပေးရမယ်လို့ ထက်မံပြောဆိုခဲ့ပါသေးတယ်။

ဒီလို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေတာကြောင့် မြို့နယ်/ကျေးနယ်တွေထဲ နေထိုင်နေကြတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 12 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 37 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့
မြန်မာသတင်း

အင်တာနက်ပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို စောင့်ကြည့်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 31 Views
နိုဝင်ဘာလ (၁၃)ရက်။ အင်တာနက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်က ဩဂုတ်လ
မြန်မာသတင်း

ခင်ဦးနယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါ (၅၀)ဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 33 Views
နိုဝင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က ကန့်ဘလူနယ် ဝက်တိုးရွာအထိုင်စခန်းကနေ ခင်ဦးနယ်ကို အင်အား (၁၀၀)ကျော်နဲ့ တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၁)တပ်က စစ်ကြောင်းထိုးလာခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကို ကန့်ဘလူနယ် ယင်းတိုက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 49 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခခွေးခြံကနေ paramotor
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 42 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့်
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 47 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ
မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 63 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မိုးမိတ်မြို့မှာ KIA တပ်ရင်း (၃၄)ရှိပါတယ်။ KIA PDF