နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်းဘွဲ့မြို့မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူး‌တွေခေါ်ပြီး အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံခိုင်းထား

ဒီဇင်ဘာလ (၁၂)ရက်။

လှိုင်းဘွဲ့မြို့ပေါ်က ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက အစည်းအဝေးခေါ်ပြီး စစ်မှုထမ်းကောက်ခံခိုင်းထားတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ လှိုင်းဘွဲ့ဗျူဟာရုံးမှာ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက် (က) နဲ့ (ဃ)အပါအဝင် ထော်ရွှဲ၊ အင်းနို့သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊ မြလေး၊ သာယာကုန်း၊ ဂျို့ချောင်း၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျုံပကိုနဲ့ တခင်းလုံတို့က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လုံခြုံရေးအစည်းအဝေးနဲ့ မြို့နယ်ထွေအုပ်ရုံးမှာ စစ်မှုထမ်းနဲ့ဆိုင်တဲ့ အစည်းအဝေးကို ပြုလုပ်ခဲ့ကာ ဒီကနေ့နောက်ဆုံးထားပြီး အပတ်စဉ်(၈)အတွက် စစ်မှုထမ်းတပ်သားသစ်တွေ လာပို့ဖို့ ညွှန်ကြားခဲ့တာပါ။

အခုလိုညွှန်ကြားတာကို ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်က ကျေးနယ်အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးခဲ့တာဖြစ်ပြီး ကျေးနယ်တစ်ခုကို လူတစ်ဦးနှုန်း ပေးရမှာဖြစ်သလို မပေးနိုင်ရင် လူတစ်ယောက်အစား ငွေကျပ်သိန်း(၃၀)ပေးရမယ်လို့ ဆိုပါတယ်။

နောက်ပြီး အမိန့်ညွှန်ကြားချက်ကို မလိုက်နာရင် မြို့အဝင်အထွက်ဂိတ်တွေကနေ အဆင်ပြေသလို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးသွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၀)ရက်နေ့ကလဲ စစ်မှုထမ်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သီးသန့်အစည်းအဝေးကို ခေါ်ယူပြီး အပတ်စဉ်(၇)အတွက် ပို့ဆောင်တာမရှိတဲ့ ကျေးနယ်တွေကို အခုအပတ်စဉ်(၈)အတွက် တစ်ယောက် မဖြစ်မနေပေးရမယ်လို့ ထက်မံပြောဆိုခဲ့ပါသေးတယ်။

ဒီလို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းကောက်ခံနေတာကြောင့် မြို့နယ်/ကျေးနယ်တွေထဲ နေထိုင်နေကြတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့