ကနီမြို့နယ် ချောင်းမရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်
အောက်တိုဘာလ (၂၀)ရက်။ မနေ့က ည (၉)နာရီ (၂၃)မိနစ်အချိန်က ကနီမြို့နယ်ရှိ ချောင်းမရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးက ချောင်းမကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကနီမြို့ပေါ်ကို...









