နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

နိုဝင်ဘာလ (၂၂)ရက်။

မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး ဦးဝင်းရှိန်က ဆိုပါတယ်။

ဒါ့ကြောင့် ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ အခြေခံစားသောက်ကုန်တွေအပါအဝင် ဆေးနဲ့ ဆေးပစ္စည်းတွေ၊ စက်သုံးဆီ ဖြန့်ဖြူးရောင်းချတာတွေကို ထိန်းကျောင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

နောက်ပြီး ရေကြီးတာတွေကြောင့် မိုးစပါးစိုက်ဧကတွေ ထိခိုက်ပျက်စီးခဲ့ပြီး စပါးစိုက်ပျိုးထွက်ရှိတာ၊ ပြည်တွင်းစားသုံးမှု၊ အရန်ဆန်နဲ့ ပြည်ပတင်ပို့တာတွေကို တွက်ချက် ဆောင်ရွက်သွားဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းတည်ငြိမ်ဖို့၊ ပြည်တွင်းလိုအပ်ချက်နဲ့ ထုတ်လုပ်တဲ့ပမာဏ မျှတဖို့နဲ့ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်စေဖို့အပြင် ကုန်ဈေးနှုန်းတည်ငြိမ်တာ ပျက်ပြားစေမယ့် ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူတာတွေနဲ့အတူ ပြည်တွင်း မတည်ငြိမ်တာတွေကြောင့် ပြည်သူတွေဟာ နေ့တိုင်း အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ အခု ကုန်ဈေးနှုန်းက ဘယ်ဟာကိုပဲကြည့်ကြည့် (၃)ဆ (၄)ဆလောက် တက်သွားတာ၊ နင်းကန်ရှာနေလဲ ရတဲ့လစာနဲ့ ဒီကုန်ဈေးနှုန်းနဲ့က စားဖို့‌တောင် အနိုင်နိုင်။ အခုစကစလက်ထက်မှာ ဘယ်ဟာမှကောင်းတာမရှိဘူး၊ အလုပ်အကိုင်တွေလဲ ရှားပါးလာတော့ အကုန်ပြည်ပထွက်ရနဲ့ စီးပွားရေးတွေလဲ မကောင်းတော့ဘူး။ ဘာမှလုပ်ကိုင်လို့ကို မကောင်းတော့တာ။ ဒါတောင် မအလက စီးပွားရေး ဦးမော့လာပြီဆိုပြီး အသံကောင်းဟစ်သေးတယ်” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တာအပါအဝင် အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်စီးပွားရေး ကျဆင်းနေပေမယ့် စစ်ခေါင်းဆောင်ကတော့ စီးပွားရေး ဦးမော့လာပြီလို့ မကြာခဏ ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

SCEF နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 29 Views
မေလ (၁၄)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊အစိုးရတို့ အွန်လိုင်းကနေ အစည်းအဝေးကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို
မြန်မာသတင်း

လယ်မူလားမြို့ တကူရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 30 Views
မေလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီ (၅၀)မိနစ်အချိန်မှာ လယ်မူလားမြို့ တကူရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဟားခါးမြို့မှာ နေအိမ်တွေကို ဖောက်ထွင်းခိုးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို CDF-Hakha ဖမ်းဆီး

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၄)ရက်။ မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့
မြန်မာသတင်း

ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်နယ်ထဲက Star Link အင်တာနက်တွေ ယာယီပိတ်ထားဖို့ ရွှေဘိုခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 24 Views
မေလ (၁၄)ရက်။ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်ထဲရှိ Star Link အင်တာနက်တွေ ယာယီပိတ်သိမ်းကြဖို့ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်စစ်ဌာနအနေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတာကြောင့် အရပ်ဖက်-စစ်ဖက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူတွေ စစ်သတင်းလုံခြုံရေးစည်းကမ်းတွေကို လိုက်နာပူးပေါင်းဖို့
မြန်မာသတင်း အရှေ့တောင်အာရှ

စစ်အုပ်စု ရွေးကောက်ပွဲ အာဆီယံအဖွဲ့ထဲ အသိအမှတ်ပြုဖို့ သဘောတူညီမှုမရ

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 23 Views
မေလ (၁၃)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအပါအဝင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ သံရုံးတွေကို တိုက်တွန်းတဲ့ စာတစောင် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပေးပို့ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်တွန်းစာဟာ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
မြန်မာသတင်း

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်တာကြောင့် နာဂလက်နက်ကိုင်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 38 Views
မေလ (၁၃)ရက်။ မေလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က အရူနာချားပြည်နယ်၊ Changlang ခရိုင်၊ Doimuk Nala ဒေသထဲ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က နာဂလက်နက်ကိုင်တပ်ဖွဲ့ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပန်ဆောင်မြို့အခြေစိုက် နာဂလက်နက်ကိုင်တပ်ဖွဲ့(NSCN-K)(AM)စစ်တိုင်းရဲ့
မြန်မာသတင်း

KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 29 Views
မေလ (၁၃)ရက်။ KNPP ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူး ကွယ်လွန်တဲ့အပေါ် NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည်သူတို့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ခွန်းရီမာန်ထူးဟာ မေလ (၁၀)ရက်နေ့ ထိုင်းဒေသစံတော်ချိန် ညနေ (၅)နာရီ
မြန်မာသတင်း

ယင်းမာပင်မှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး (၁၀)ဦးခန့် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 31 Views
မေလ (၁၀)ရက်နေ့က ယင်းမာပင်မှာ စစ်တပ်ရဲ့ အင်အား(၃၀၀)ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲခဲ့တယ်လို့ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်ရဲ့ တပ်မ(၃၃)နဲ့ ဘန့်ဘွေးရွာက ပျူစောထီးတွေပါတဲ့ အင်အား (၃၀၀)ကျော် စစ်ကြောင်းက