နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီဟာ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘဲ ပြင်းထန်စွာကန့်ကွက်တယ်လို့ IPCM ထုတ်ပြန်

နိုဝင်ဘာလ (၂၂)ရက်။

စစ်ကောင်စီဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘူးလို့ လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီကောင်စီဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိဖို့ လုပ်ဆောင်ဖို့အတွက် ဆောင်ရွက်ရန်သာဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

နောက်ပြီး စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးဟာ စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး အတွင်းရေးမှူး ဦးအေးချမ်းက ရေတပ်ဦးစီးချုပ်ဟောင်းရဲ့ သားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုအချက်တွေကြောင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေ လုံခြုံ‌ဖို့အတွက် ဘယ်လိုမှ ရပ်တည်လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

မြန်မာမှာ အခုနှစ်ထဲ သတင်းသမား (၃)ဦး ထပ်မံ အသတ်ခံခဲ့ရကာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး သတင်းသမား စုစုပေါင်း (၈)ဦး အသတ်ခံရတာကြောင့် CPJ က Global Impunity Index မှာ အဆင့် (၁၀) သတ်မှတ်ခဲ့တာပါ။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းကာ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲ သတင်းသမား (၅၀)ဦးဟာလဲ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရပြီး နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရတဲ့ သတင်းသမား အများအပြားရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ မီဒီယာကောင်စီကို အသိအမှတ်မပြုဘဲ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းသမညးတွေ လုံခြုံ‌ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းထားတဲ့ IPCM နဲ့သာ ဆက်သွယ်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို