လွိုင်ကော်မြို့ပေါ်ရပ်ကွက်အချို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေ၊ ဒေသခံတွေ နေရပ်မပြန်ကြသေးဖို့ KA စစ်ဦးစီးချုပ်ပြော
ဇူလိုင်လ (၄)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်ကစပြီး လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ ကရင်နီပြည်တပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်နေတာတော့ ဟုတ်ပါတယ်၊ စစ်ရေးကမပြီးပြဝ်သေးပါဘူး၊ ဒါကြောင့် ပြည်သူတွေ နေရပ်မပြန်ကြသေးဘဲ ဘေးလွတ်ရာရှောင်ကြဖို့...