စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ နိုင်ငံတကာကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို
အောက်တိုဘာလ (၅)ရက်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်တပ်က ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံမှာ တောင်းဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ပြင်ဆင်နေတဲ့ ဘယ်လိုရွေးကောက်ပွဲမဆို လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ...









