နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားနေတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်ခံရ

အောက်တိုဘာလ (၁၆)ရက်။

မနေ့က ည(၈)နာရီအချိန် ကော့သောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားနေတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ပျူစောထီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ သန်းခေါင်စာရင်းကောက်ပြီး အောင်မြင်တဲ့ အထိမ်းအမှတ်ဆိုပြီး အောင်ပွဲခံသောက်စားပျော်ပါးနေတာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ”လို့ ဆိုပါတယ်။

မလိဝမ်းကျေးရွာအုပ်စု (၁၉)မိုင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ သန်းခေါင်စာရင်းကောက်တာ အောင်မြင်တဲ့အထိမ်းအမှတ်ဆိုပြီး အောင်ပွဲခံ သောက်စားပျော်ပါးနေတာကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စီးနင်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့က ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ သေဆုံးခဲ့ပြီး ကျန်အဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေးသားထားပါတယ်။

ကော့သောင်းမြို့နယ်ပကဖအနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ သန်းခေါင်စာရင်းကောက်တာကို ကန့်ကွက်ပြီး အဲ့ဒီကိစ္စတွေမှာ မပါဝင်ဖို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် ပျူစောထီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အားပေးကူညီနေတာလို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားပျော်ပါးနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အခုလို စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်သလို ကျန်ရှိနေတဲ့ စစ်ကောင်စီအပေါင်းအပါတွေအနေနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူနဲ့မပူးပေါင်းတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီသတင်းပေး သူလျှိုတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို