နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ နမခကို ဒုစစ်ခေါင်းဆောင် စိုးဝင်ရောက်နေချိန် ကာမေကာဇေဒရုန်းနဲ့ ပစ်ခတ်ခံရ

အောက်တိုဘာလ (၁၆)ရက်။

မနေ့က နံနက် (၁၀)နာရီခွဲအချိန်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန် ကာမေကာဇေအထူးဒရုန်း (၂)စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန်စစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“မုံရွာ နမခထဲက စိုးဝင်းရှိတဲ့ စစ်ရုံးချုပ်ထဲကို ကာမေကာဇေဒရုန်းတစ်စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပြီး စိုးဝင်းရဲ့ ရဟတ်ယာဉ်တွေ ရပ်ထားတဲ့နေရာကို ဒရုန်းတစ်စီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံကြားပြီး ရဟတ်ယာဉ် (၂)စီး မောင်းနှင်ထွက်ပြေးသွားပါတယ်”လို့ ဆိုပါတယ်။

ဒုစစ်ခေါင်းဆောင် စိုးဝင်း မုံရွာမြို့ နမခကို ရောက်ရှိနေတဲ့အချိန် စစ်ရုံးချုပ်နဲ့ ရဟတ်ယာဉ်တွေ ရပ်နားထားတဲ့ နေရာတွေကို ကာမေကာဇေဒရုန်း (၂)စီးနဲ့ တိုက်ခိုက်ခဲ့ကာ ရဟတ်ယာဉ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

နမခထဲ ဒုစစ်ခေါင်းဆောင် စိုးဝင်း ရောက်ရှိနေချိန် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစ်စီးနဲ့ ပတ်ဝဲကာ လုံခြုံရေးယူပေးထားခဲ့ကာ ပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့ပြီးနောက် ရဟတ်ယာဉ် (၂)စီး ‌ပျံတက်မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မုံရွာ နမခကို ‌ကာမေကာဇေဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးဘဲ ဒေါင်းတမန်စစ်ဆင်ရေး ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Shar Htoo Waw နည်းပညာတပ်ဖွဲ့ရဲ့ Team(3)PDAF(ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂)နဲ့ Team(4)SSTF၊ Eagle Wing Drone Force၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်းပကဖ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ “ငါတို့” ထောက်ပို့အဖွဲ့၊ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နဲ့ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာပါ။

ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးကို ရှိတဲ့ပစ္စည်းလေးတွေနဲ့ပူးပေါင်းပြီး အစွမ်းကုန် တွန်းလှန်တိုက်ခိုက်နေကာ စစ်အာဏာရှင်စနစ် အမြန်ဆုံးနိဂုံးချုပ်နိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို