ဟိုပန်မြို့မှာ ဓါးပြတိုက်သတ်ဖြတ်ခဲ့သူကို “ဝ”က လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် သေဒဏ်ချမှတ်
အောက်တိုဘာလ (၃၀)ရက်။ ဒီကနေ့ ဟိုပန်မြို့ရှိ ယဉ်ကျေးမှုကွင်းမှာ ဓါးပြတိုက်ပြီး လူသတ်မှုကျူးလွန်တဲ့ လူငယ်အမျိုးသားတစ်ဦးကို “ဝ”တပ်ဖွဲ့ UWSA က လူမြင်ကွင်းမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩဂုတ်လ (၃)ရက်နေ့က ဟိုပန်မြို့ထဲရှိ ကုန်စုံဆိုင်တဆိုင်ကို အသက်(၂၀)ဝန်းကျင်ရှိ...









