လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ကိုယ်စားလှယ်ကို အရေးယူဆောင်ရွက်နေတယ်လို့ NUG ပြော
ဇွန်လ (၂၂)ရက်။ ၀န်ထမ်းအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို အရေးယူဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေး၀န်ကြီးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နိုင်ငံခြားရေးရဲ့ အိန္ဒိယကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်ကို တိုင်ကြားထားတာနဲ့ပတ်သက်ပြီး ဌာနထဲ စီမံခန့်ခွဲမှုအပါအ၀င် မူဝါဒအရ...