ခင်ဦးမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ (၈၀၀၀) ဝန်းကျင် မိုးရေထဲ ထွက်ပြေးခဲ့ရ
စစ်ကိုင်းတိုင်း၊ ခင်ဦးတောင်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ (၈၀၀၀)ဝန်းကျင် မိုးထဲရေထဲ ထွက်ပြေးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဩဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအချိန်ကစပြီး ခင်ဦးတောင်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အား (၁၀၀)ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့တာဖြစ်တယ်လို့...