နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲမြို့က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကြီးကို AA အပြီးသတ်သိမ်းယူနိုင်ခဲ့

စက်တင်ဘာလ (၇)ရက်။

စက်တင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီအချိန်မှာ သံတွဲမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သံတွဲမြို့နယ်ထဲက ဖက်ဆစ်စစ်ကောင်စီရဲ့ လက်ကျန်စခန်းကြီးတစ်ခုဖြစ်တဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်စခန်းနဲ့ အနီး၀န်းကျင်က အဆင့်ဆင့်ခုခံကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဩဂုတ်လ (၇)ရက်ကစပြီး စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်စခန်းဟာ မောင်ရွှေလေးရွာနဲ့ ကွင်းဝိုင်းရွာအကြားမှာ တည်ရှိပြီး တလနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀)ကျော် သေဆုံးခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ ဒဏ်ရာရ၊ သေဆုံးသူတွေကို စစ်ကောင်စီက စစ်သင်္ဘောတွေနဲ့ စစ်တွေနဲ့ ဧရာဝတီတိုင်းကို သယ်ယူသွားတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာနဲ့ ရေတပ်ပင်မရေငုပ်နဲ့ဆယ်ယူရေးတပ်စခန်းအပါအ၀င် အဲ့ဒီပတ်ဝန်းကျင်တွေမှာ  လေကြောင်းနဲ့ ရေကြောင်းပစ်ကူအများအပြားနဲ့ အဆင့်ဆင့် ခုခံခဲ့ပေမယ့် အခုအခါမှာတော့ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ ရေတပ်စခန်းဟာ စစ်ရှုံးပြီး နေရာစုံကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် လောလောလတ်လတ် စစ်သင်တန်းဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အခြားနေရာတွေက စစ်ကူတွေနဲ့ ဖြည့်တင်းထားကာ စုစုပေါင်းအင်အား (၁၂၀၀)ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ ထူးချွန်ပြောင်မြောက်တဲ့ အာရက္ခစစ်သည်တော်တွေအပါအ၀င် ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သက်ဆိုင်ရာတပ်ဖွဲ့ဝင်တွေနဲ့ အာရက္ခဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 21 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 21 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 24 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့
မြန်မာသတင်း

ပဋိပက္ခတွေကြား သတင်းသမားတွေ ဘေးကင်းလုံခြုံဖို့ အာဏာပိုင်အဖွဲ့တွေကို IPCM တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 24 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇)ရက်နဲ့ (၁၈)နေ့တို့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒုတိယအကြိမ် အထွေထွေညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံမှာ လာမယ့်သက်တမ်းထဲ တာဝန်ထမ်းဆောင်မယ့် အလုပ်အမှုဆောင်ကော်မတီဝင်တွေကို တက်ရောက်လာတဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ခဲ့တယ်လို့
မြန်မာသတင်း

ဒီပဲယင်းနယ် စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့၊ အရပ်သား(၁)ဦးသေဆုံးပြီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 23 Views
ဇန်နဝါရီလ (၁၉)ရက်။ ‌ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)မိနစ်ကျော်အချိန်က ဒီပဲယင်းနယ်အနောက်တောင်ခြမ်းရှိ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ဒီပဲယင်းအနောက်တောင်ခြမ်း စိုင်ပြင်မြို့ကို တံတားဦးလေတပ်ကနေ A-5 Bomber ဂျက်ဖိုက်တာ(၁)စီးနဲ့ လေကြောင်းကနေ
မြန်မာသတင်း

စစ်တွေတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့်ခွာထွက်ပြေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 44 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုလဆန်းပိုင်းကစပြီး AA ထိုးစစ်ဆင်နေတဲ့ စစ်တွေမြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အုပ်စုလိုက် စခန်းစွန့် ထွက်ပြေးနေကြတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ ဇန်နဝါရီလ (၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ စစ်တွေတိုက်ပွဲမှာ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ(၂၇၀)တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေ
မြန်မာသတင်း

စလင်းမြို့မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ (၉)ဦးကို ဖမ်းဆီးကာ ရွာတွေကို မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 39 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က စလင်းမြို့ ပန်းတိမ်ကုန်းရွာကို အင်အား (၂၀၀)ခန့်နဲ့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စလင်းမြို့ထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်တပ်က အင်အား(၂၀၀)လောက်နဲ့ ထွက်လာပြီး
မြန်မာသတင်း

တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 32 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က တောင်သာမြို့ကို မဲရုံလုံခြုံရေးပေးဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်တပ်စစ်ကြောင်းက အင်အား (၂၀၀)လောက်နဲ့ ကျောက်ပန်းတောင်းကနေ တောင်သာကို မဲရုံလုံခြုံရေးပေးဖို့လာတာ။