ပျဉ်းမနားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၃)ဦးသေဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့
ဩဂုတ်လ (၁၇)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က ပျဉ်းမနားမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်တွင်းရဲ့ သတင်းပေးပို့တာကြောင့် ပျဉ်းမနားမြို့ရှိ ကိုးဒစ်ဆင်တောင်အနီး လမ်းပိုင်းတနေရာမှာ (၄၁၄)တပ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား...









