နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်လူထုအနေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို ဖယ်ကျဉ်အာခံပြီး နှုတ်ထွက်ဖို့ဖိအားပေးဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

ဩဂုတ်လ (၁၇)ရက်။

ရန်ကုန်လူထုအနေနဲ့ ဖိနှိပ်ညှင်းပန်းနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ဖယ်ကျဉ်အာခံကာ လူမှုရေးပြစ်ဒဏ်ပေးပြီး နှုတ်ထွက်ဖို့ကို ဖိအားပေးဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အရှုံးကြီးရှုံးနေတဲ့စစ်တပ်ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ပြတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ ကြိုးပမ်းနေကာ အဲ့ဒီနေရာမှာ အရေးကြီးဆုံးက ရပ်ကျေးအုပ်ချုပ်ရေးယန္တရားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ ဖိနှိပ်တဲ့ယန္တရားတွေကို အကောင်အထည်ဖော်ဆောင်ရာမှာ အရေးပါဆုံး ထောက်တိုင်တွေဖြစ်ကာ စစ်ကောင်စီရဲ့အာဏာကို မြေပြင်မှာ သက်ရောက်အောင် ဆောင်ရွက်ပေးနေသူတွေလို့ ဖော်ပြထားပါတယ်။

ဧည့်စာရင်းတိုင်ကြားတာကစလို့ မတရားစစ်မှုထမ်း ကောက်ယူတာတွေအထိ စစ်ကောင်စီဟာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့အားကို လိုအပ်တဲ့အတွက် ရန်ကုန်မြို့ပြမှာ စစ်ကျွန်အုပ်ချုပ်ရေးကို ဖြိုချဖို့ဆိုရင် အခြေခံအကျဆုံး ဖောင်ဒေးရှင်းထောက်တိုင်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးက စတင်ရမှာလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ရပ်ရွာထဲမှာ အနိုင်ကျင့်ဖိနှိပ်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေကို ရပ်ရွာလူထုကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဆန့်ကျင်အာခံဖို့ လိုအပ်နေကာ သူတို့ရဲ့ အချက်အလက်တွေကို တော်လှန်ရေးအင်အားစုတွေဆီ ပေးပို့ကြဖို့ အသိပေးထားပါတယ်။

လူထုရဲ့ တော်လှန်စိတ်ကြောင့် ခိုင်မာအားကောင်းတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင် အာဏာရှင်တွေရဲ့ ပြိုလဲတဲ့ကျရှုံးတာတွေကို မြင်တွေ့နေရပြီဖြစ်ကာ စစ်ကျွန်သဘောက် အုပ်ကြီးတွေကို ရန်ကုန်လူထုတရပ်လုံးက ပြင်းပြင်းထန်ထန် ဖီဆံအန်တုပြီး ဖက်ဆစ်ယန္တရားကို အဆုံးတိုင်ဖြိုချဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 23 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 43 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး