သပိတ်ကျင်းမြို့က လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့
ဩဂုတ်လ (၃၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်မှာ သပိတ်ကျင်းမြို့ရှိ လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ မနေ့ညပိုင်းမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ (၂၉)ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တတက(၁၃)၊...









