နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရာတော်မြို့ရှိ ပျူရွာအထိုင်စခန်း ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီနဲ့ ပျူစောထီး (၇)ဦးသေဆုံးခဲ့

အရာတော်မြို့ရှိ ပျူရွာအထိုင်စခန်း ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီနဲ့ ပျူစောထီး (၇)ဦးသေဆုံးခဲ့

ဩဂုတ်လ (၁၅)ရက်။

မနေ့က နံနက် (၅)နာရီခွဲအချိန်မှာ အရာတော်မြို့ရှိ သလဲဘာပျုရွာအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပျူရွာအထိုင်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ (၅)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား (၃)ဦးနဲ့ ပျူစောထီး (၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ကာ တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပျူရွာအထိုင်စခန်းရဲ့ ပတ်ပတ်လည်မှာ နင်းမိုင်းတွေထောင်ထားတဲ့ကြားက ခက်ခက်ခဲခဲ ကြိုးစားတိုက်ခိုက်ခဲ့ရပြီး စစ်ကောင်စီရဲ့ အရာတော်လေ့ကျင့်ရေး(၁၀)နဲ့ ငွေတွင်းပျူရွာတို့ကနေ လက်နက်ကြီး ပစ်ကူခဲ့သလို မြေပြင်စစ်ကူ‌ လေ့ကျင့်ရေး(၁၀)က စစ်ကူအများအပြား ရောက်လာတဲ့အတွက် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို တပ်ရင်း(၂၁/၁၉/၂၆/၂၂/ ) Zero ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပလဖ၊ Shwebo Crocodile၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံပကဖ၊ ဒေါင်းစစ်သည် အဖွဲ့၊ ရွှေဘိုအားမာန်အဖွဲ့၊ HG FIGHTER၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother၊ ဖျံပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Zay Yar Thawed၊ YAUNG NI၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ BO BA Taw(LDF) ရွှေဘိုမြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့က ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် အများပြည်သူကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့စစ်အထိုင်စခန်းတွေကို ဆက်လက်ဖိအားပေး ချေမှုန်းနိုင်ဖို့ တတ်စွမ်းတဲ့အားနဲ့ ပြည်တွင်း ပြည်ပက မိဘပြည်သူတွေအနေနဲ့ ထောက်ပို့ကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

မိဘပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးနေတဲ့ စစ်ကောင်စီတပ်တွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို