ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၅)ရက်နေ့က မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ဟာ ရဲမေ မအေးငြိမ်းမြတ်(ခ)မငြိမ်းကို...








