နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

ဒီဇင်ဘာလ (၁၆)ရက်။

ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ (၁၅)ရက်နေ့က မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ဟာ ရဲမေ မအေးငြိမ်းမြတ်(ခ)မငြိမ်းကို ကမ်းပြည့်ရွှေမှော်ကနေ ရွာသစ်ကုန်းရွာကို အလုပ်ဆိုပြီး အကြောင်းပြခေါ်ဆောင်သွားတာလို ဆိုပါတယ်။

အဲ့ဒီလိုခေါ်ဆောင်ရာမှာ ကမ်းပြည့်ရွှေမှော်ကနေ ရွာသစ်ကုန်းရွာကိုသွားတဲ့ လမ်းခုလတ်က အူရွာကို မိုးရွာတာကြောင့် ဝင်နားခဲ့ပြီး ရပ်ကျေးပကဖတာဝန်ခံ ကိုမော့နဲ့ ပအဖတာဝန်ခံ ဦးနက်စိန်တိုရဲ့ နေအိမ်မှာ နားခိုခဲ့ကြတယ်လို သိရပါတယ်။

အဲ့ဒီလိုနားခိုခဲ့ရာ ရဲဘော် (၁၂)ဦးကို ကိုမော့ရဲ့နေအိမ်မှာ တည်းခိုစေခဲ့ကာ ဦးညိုလွင်က ရဲမေမငြိမ်းတည်းခိုတဲ့ ဦးနက်စိန်အိမ်မှာ တည်းခိုဖို စီစဉ်ခိုင်းခဲ့ပြီး ည (၁၁)နာရီခန့်မှာ ရဲမေမငြိမ်းရဲ့ အိပ်ခန်းထဲကို ဝင်ရောက်ခဲ့တာပါ။

အဲ့ဒီနောက် အိပ်ပျော်နေတဲ့ ရဲမေမငြိမ်းရဲ့ ခန္တာကိုယ်အောက်ပိုင်းကို ကိုင်တွယ်ခဲ့ရာ အော်ဟစ်ဖို ပြုလုပ်ခဲ့ချိန် ခန္တာကိုယ်ကို လက်နဲ့ဖိပြီး တညထဲ (၂)ကြိမ် အဓမ္မပြုကျင့်ကာ ရုန်းကန်ပါက သတ်ပစ်မယ်ဆိုပြီးလဲ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို ဆိုပါတယ်။

အဲ့ဒီနေ့ညမှာ ရဲမေမငြိမ်းဟာ တညလုံးမအိပ်ခဲ့ဘဲ နံနက်မိုးလင်းစအချိန်မှာ အိမ်ရှင် ဦးနက်စိန်နဲ့ ကိုမော့တိုကို အကူအညီတောင်းပြီး ညိုလွင်မသိအောင် တိတ်တဆိတ် ပြန်သွားခဲ့ရတယ်လို သိရပါတယ်။

ရဲမေမငြိမ်းဟာ အိမ်ထောင်ရှိအမျိုးသမီးဖြစ်ပြီး ကလေး(၃)ယောက်မိခင်ဖြစ်သလို ခင်ပွန်း ဖြစ်သူဟာ နွေဦးတော်လှန်ရေးအစပိုင်း ဆန္ဒပြမှုတွေမှာ ဖမ်းဆီးခံရပြီး အခုအချိန်အထိ ပြန်မလွှတ်လာသေးဘူးလို ဖော်ပြထားပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲမေမငြိမ်းဟာ မိသားစုရဲ့ သိက္ခာနဲ့ အသက်အန္တရာယ်တို့ကို စိုးရိမ်တာကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ရတယ်လို ဆိုပါတယ်။

နောက်ပြီး ဦးညိုလွင်ဟာ တရားဝင်ဇနီးမယားရှိသူဖြစ်ပြီး သား (၂)ယောက်နဲ့ သမီး (၁)ယောက်ရှိပေမယ့် ရုံးအဖွဲဝင်အနေနဲ့ ခေါ်ဆောင်တာဝန်ပေးထားတဲ့ သံပေါက်ရွာက မရှုမဝဆိုသူနဲ့လဲ ဖောက်ပြန်ကာ ဇနီးဖြစ်သူ တွေ့ရှိချိန် စကားများရန်ဖြစ်တာတွေ ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် သူဟာ မင်းကင်းမြို ပျဉ်းကိုင်းရွာအနီး၊ ကလေးဝမြို၊ ကံထူးမ၊ တန့်ဆည်၊ ရေဦးနဲ့ မုံရွာ မဟာမြိုင်ကားလမ်းမကြီးပေါ်ရှိ (၅၁)မိုင်မှာ ၂၀၂၂ခုနှစ်နဲ့ ၂၀၂၃ခုနှစ်တို့မှာ စစ်ဆေးရေးနဲ့ အခွန်ကောက်ခံတဲ့ဂိတ်တခု ဖွင့်လှစ်ခဲ့တယ်လို သိရပါတယ်။

အဲ့ဒီအချိန်ကလဲ စစ်ကောင်စီရဲ့ ထောက်ပိုအရာရှိတဦးဖြစ်တဲ့ ဦးစိုင်းဆိုသူကို ဖမ်းဆီးရမိခဲ့ချိန် ဦးညိုလွင်က တပတ်အကြာမှာ ဦးစိုင်းရဲ့ အမျိုးသမီးကို ငွေကျပ်သိန်း(၁၀၀၀)နဲ့ ပြန်ရွေးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို ဆိုပါတယ်။

ဒီလို မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင် ကျူးလွန်ခဲ့တဲ့ အမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်တာကို ကျူးလွန်ခံရသူသက်သေအပါအဝင် အသိသက်သေတွေနဲ့ (၆)လကြာ အတည်ပြုနိုင်ခဲ့တယ်လို ပြောဆိုထားပါတယ်။

ဒါ့ကြောင့် အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူနိုင်ဖို့ကို မြိုနယ်အထူးထောက်လှမ်းရေး ဦးစီးဌာနက သက်သေမှတ်တမ်းတွေနဲ့အတူ တိုင်းတာဝန်ခံကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပေးပို့ထားတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 67 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ