နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုပြီး စစ်ကော်မရှင် သတ်မှတ်

ဒီဇင်ဘာလ (၁၅)ရက်။

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရန်ကုန်ရှိ MRTV မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဒီအွန်လိုင်းလိမ်လည်မှုက နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်တဲ့ကိစ္စအနေနဲ့ ရှုမြင်ပါတယ်။ အစိုးရအပေါ် လူထုရဲ့ယုံကြည်မှု၊ စီးပွားရေးလုံခြုံမှု၊ နိုင်ငံတည်ငြိမ်မှု၊ တိုင်းပြည်ရဲ့ ဂုဏ်သတင်းတွေကို ထိခိုက်ညှိနွမ်းစေပါတယ်” လို့ သူက ဆိုပါတယ်။

ဒီလို အွန်လိုင်းလိမ်လည်မှုကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ နိုင်ငံခြားသားတွေ၊ EAO တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝိသမစီးပွားရေးသမားတွေကြောင့် ရှမ်အရှေ့မြောက်ဒေသနဲ့ ကရင်ပြည်နယ်ရဲ့ အချို့ဒေသတွေမှာ လုံခြုံရေးထိခိုက်ခဲ့ရပြီး နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာမှာ အွန်လိုင်းလိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေရဲ့ ဆိုးကျိုးကို ပြင်းထန်စွာခံစားခဲ့ရတာကြောင့် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုကို အခြားနိုင်ငံတွေ မုန်းတာထက် မြန်မာက ပိုမုန်းတယ်ဆိုပြီးလဲ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အခုလို ကျားဖြန့်လုပ်ငန်းကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမှာဖြစ်ပြီး ဒုတိယအကြိမ် အခွင့်အရေးလုံးဝမရှိသလို ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးတွေနဲ့ လုံးဝ အကာအကွယ်ပေးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

နောက်ပြီး အဲ့ဒီရာဇဝတ်မှုတွေကို ခွင့်လွှတ်တာမရှိဘဲ ရေဆုံးရေဖျား လိုက်လံနှိမ်နင်းသွားမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းမယ့်မူဝါဒကို ကျင့်သုံးသွားမယ်ဆိုပြီးလဲ ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကော်မရှင်က ဖော်ထုတ်ဖမ်းမိခဲ့တဲ့ နိုင်ငံခြားသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့ရာမှာ တနှစ်နီးပါးကာလထဲ ကျပ်သိန်းပေါင်း (၁၃၀၀၀)ကျော် ကုန်ကျခဲ့ကာ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ အမြန်ဆုံး ‌လာခေါ်ကြဖို့ တိုက်တွန်းထားပါတယ်။

အဲ့ဒီကျားဖြန့်လုပ်ငန်းတွေကို ရှင်းလင်းရာမှာ KNLA နဲ့ PDF တွေက နှောင့်ယှက်တာတွေရှိတယ်ဆိုပြီးလဲ စွပ်စွဲထားသလို ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၁)ရက်ကနေ ဒီဇင်ဘာလ (၈)ရက်အထိ တိုက်ပွဲပေါင်း (၅၈)ကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 35 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ