နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်

ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ် (outposts) အများအပြားကို တရားဝင် အဖြစ် သတ်မှတ်ပေးရန်နှင့် ထူထောင်ရန် အတည်ပြုလိုက်ကြောင်း အဆိုပါကိစ္စကို သိရှိသူ အစ္စရေးလ်သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်အရ ၂၀၀၅ ခုနှစ်တွင် ရုပ်သိမ်းရေး အစီအစဉ်အရ ဖယ်ရှားခဲ့သော စခန်းငယ် (၂) ခု အပါအဝင် အနောက်ဘက်ကမ်းတစ်လျှောက်ရှိ စခန်းငယ် ၁၉ ခုကို တရားဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပါလက်စတိုင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နာဘီလ် အဘူ ရူဒိုင်နေးဟ် (Nabil Abu Rudeineh) က “အစ္စရေးလ်ရဲ့ အခြေချနေထိုင်မှု လှုပ်ရှားမှု အားလုံးဟာ တရားမဝင်တဲ့အပြင် နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာအသိအမှတ်ပြု ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာရောက်ပါတယ်” ဟု ပါလက်စတိုင်းတရားဝင် သတင်းအေဂျင်စီ WAFA ကို ပြောကြားခဲ့သည်။

အခြေချနေထိုင်မှု စခန်းငယ်များ (Outposts) အကြောင်း

အခြေချနေထိုင်မှု စခန်းငယ်များသည် နိုင်ငံတကာဥပဒေအရ တရားမဝင်သည့်အပြင် အစ္စရေးလ်ဥပဒေအရပါ တရားမဝင်ပေ။

အခြေချနေထိုင်သူများသည် နောင်တွင် ၎င်းတို့၏ တရားမဝင် ဆောက်လုပ်မှုများအတွက် ခွင့်ပြုချက်ရယူရန် ရည်ရွယ်ချက်ဖြင့် စခန်းငယ်များကို ထူထောင်လေ့ရှိသည်။ ယခု အတည်ပြုလိုက်သည့် အခြေချနေထိုင်မှုအများစုသည် အနောက်ဘက်ကမ်း၏ အတွင်းပိုင်းကျကျ နေရာများတွင် တည်ရှိသည်။

စခန်းငယ်အချို့မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ရှိနေပြီး မိသားစု ဒါဇင်ပေါင်းများစွာ နေထိုင်ကြသည်။ အခြားသော နေရာများမှာမူ အခြေချနေထိုင်သူများက နောင်တွင် အခြေချနေထိုင်မှုအသစ်များ တိုးချဲ့ထူထောင်ရန်အတွက် မဟာဗျူဟာမြောက်သော နေရာများအဖြစ် ရှုမြင်ထားသည့် အနောက်ဘက်ကမ်းနေရာများတွင် တည်ရှိသည်။

ပါလက်စတိုင်း ကိုလိုနီနယ်ချဲ့မှုနှင့် တံတိုင်းခုခံရေးကော်မရှင် အကြီးအကဲ မိုရတ် ရှာအ်ဘန် (Moayyad Shaaban) က ဤဆုံးဖြတ်ချက်ကို “သိမ်းပိုက်ထားသော အစိုးရ၏နယ်မြေ သိမ်းပိုက်ရေး၊ လူမျိုးခွဲခြားရေး (apartheid) နဲ့ ပါလက်စတိုင်းမြေကို အပြည့်အဝ ဂျူးလူမျိုး ပြုလုပ်ရန် (Judaization) ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ပြသသည့် အန္တရာယ်ရှိသော အရှိန်မြှင့်မှု” ဟု ဝေဖန်ခဲ့သည်။

နိုင်ငံရေး တွန်းအား

ကြာသပတေးနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးမှ ထွက်ပေါ် လာသည့် အတည်ပြုချက်အသစ်သည် အစ္စရေးလ်၏ လက်ယာစွန်းအုပ်စု၊ အထူးသဖြင့် လက်ယာစွန်း ဘဏ္ဍာရေးဝန်ကြီး ဘေဇယ်လ် စမုတ်ထရစ်ခ်ျ (Bezalel Smotrich) တို့၏ အခြေချနေထိုင်မှုများကို တိုးချဲ့ရန်နှင့် ပါလက်စတိုင်း မြို့များနှင့် ရပ်ရွာများအကြား နယ်မြေ ချိတ်ဆက်မှုကို တားဆီးခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံ ဖြစ်နိုင်ခြေကို ဖျက်ဆီးပစ်ရန် ပိုမိုကျယ်ပြန့်သော တွန်းအားတစ်စိတ်တစ်ပိုင်းဖြစ်သည်။

အနောက်ဘက်ကမ်းတွင် အခြေချနေထိုင်မှုများကို တိုးချဲ့ရန် ထောက်ခံအားပေးသည့် လက်ယာစွန်း နာဟာလာ လှုပ်ရှားမှု (Nahala movement) က ဤဆုံးဖြတ်ချက်ကို “စိတ်လှုပ်ရှားဖွယ်ရာ အောင်မြင်မှု” ဟု ဂုဏ်ပြုခဲ့ပြီး မကြာမီ ဂါဇာတွင်ပါ အစ္စရေးလ် အခြေချနေထိုင်မှုများ ပေါ်ပေါက်လာမည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် မေလတွင်လည်း အစ္စရေးလ်သည် အခြေချနေထိုင်မှုအသစ် ၂၂ ခုကို ထူထောင်မည်ဟု ကြေညာခဲ့ပြီး ယင်းသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံး တိုးချဲ့မှုဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့ Peace Now က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် အစ္စရေးလ်သည် အနောက်ဘက်ကမ်းရှိ အခြေချနေထိုင်မှု ၃ ခုတွင် အိမ်ရာ ယူနစ် (၈၀၀) နီးပါးကို အတည်ပြုခဲ့ရာ Peace Now က ယင်းသည် “အခြေချ နေထိုင်မှု များတွင် စီမံကိန်းရေးဆွဲခြင်းကို ပုံမှန်ဖြစ်အောင် ရည်ရွယ်ပြီး ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အာရုံစိုက်မှုနှင့် ဝေဖန်မှုများကို လျှော့ချရန်” ရည်ရွယ်သည့် ပုံစံတစ်ခုဖြစ်သည်ဟု ဆိုသည်။

ပါလက်စတိုင်း အမျိုးသားကောင်စီ၏ ဥက္ကဋ္ဌ ရူဟီ ဖတ်တွတ်ခ်ျ (Rouhi Fattouh) က အခြေချနေထိုင်မှုအသစ်များကို အတည်ပြုသည့် ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာတရားရုံး၏ အခြေချနေထိုင်မှုလုပ်ငန်းများသည် တရားမဝင်ကြောင်း သဘောထားများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် နိုင်ငံတကာ ဥပဒေကို နှစ်ဆချိုးဖောက်ခြင်း” နှင့် တူညီသည်ဟု ပြောကြားခဲ့သည်။ ဖတ်တွတ်ခ်ျက အဆိုပါ တိုးချဲ့မှုများသည် “တရွေ့ရွေ့သိမ်းပိုက်မှု” မူဝါဒကို ခိုင်မာစေသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေးလ်က ဟားမတ်စ် ထိပ်တန်းအရာရှိကို ပစ်မှတ်ထားတိုက်ခိုက်

တစ်ပြိုင်နက်တည်းမှာပင် ဂါဇာတွင် အစ္စရေးလ်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများကို ဦးဆောင်ကြံစည်သူများထဲမှ တစ်ဦး” ဟု စွပ်စွဲထားသည့် ဟားမတ်စ်၏ ထိပ်တန်းစစ်ဗိုလ် တစ်ဦးကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း စနေနေ့က ပြောကြား ခဲ့သည်။

အစ္စရေးလ်စစ်တပ်က ဟားမတ်စ်စစ်ရေးဌာန၏ လက်နက်များ အကြီးအကဲဖြစ်သူနှင့် ဂါဇာတွင် ကျန်ရှိနေသေးသော နောက်ဆုံး ထိပ်တန်းစစ်သွေးကြွများထဲမှ တစ်ဦးဖြစ်သူ ရာအဒ် ဆာအဒ် (Raad Saad) ကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ပြောသည်။

ဂါဇာရှိ အလ်-ရှိဖာဆေးရုံ (Al-Shifa Hospital) ၏ ဒါရိုက်တာ၏ အဆိုအရ တိုက်ခိုက်မှု များတွင် လူ (၄) ဦးထက်မနည်း သေဆုံးပြီး (၂၉) ဦး ဒဏ်ရာရရှိခဲ့သည်။ (ဒီဇင်ဘာ ၁၃၊ ၂၀၂၅ ရက်နေ့တွင် အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနယ်မြေတွင် လူလေးဦး သေဆုံးကြောင်း ဂါဇာမြို့ပြ ကာကွယ်ရေးအေဂျင်စီက ဆိုသည်)။

အစ္စရေးလ်စစ်ဘက်အရာရှိတစ်ဦးက အစ္စရေးလ်သည် “အကြမ်းဖက်မှုတွင် တက်တက် ကြွကြွ ပါဝင်နေသော ပစ်မှတ်များကို တိုက်ခိုက်ခွင့်ပြုထားသည်” ဟု ဆိုကာ ယင်းတိုက်ခိုက် မှုသည် အမေရိကန်ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို ချိုးဖောက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နှင့် ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ် (Israel Katz) တို့က စနေနေ့ အစောပိုင်းက ဟားမတ်စ်၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ရှိ အစ္စရေးလ်တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတိုက်ခိုက်မှုကို အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပူးတွဲကြေညာချက်တွင် ပြောကြားခဲ့သည်။

ဟားမတ်စ်ကမူ ဆာအဒ် သေဆုံးမှုကို အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မပြုသော်လည်း အစ္စရေးလ်က အမေရိကန်ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေးကို နှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

ဟားမတ်စ်က အရပ်သားဧရိယာကို တိုက်ခိုက်ခြင်းသည် သမ္မတ ဒေါ်နယ်လ် ထရမ့်၏ စီမံကိန်းအောက်တွင် လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို “ပြစ်မှုကျူးလွန်ကာ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းရှိ Turmos Ayya ရွာအနီးရှိ အစ္စရေးအခြေချနေထိုင်သူများ၏ ကင်းစခန်းများကို လူများက ကြည့်နေစဥ် ( ပုံ)။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပါလက်စတိုင်းနိုင်ငံ၊ ဂါဇာမြို့တွင် အစ္စရေးစစ်တပ်မှ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ပျက်စီးသွားသည့် မော်တော်ယာဉ်၏ အပျက်အစီးများကို ပါလက်စတိုင်းလူမျိုးများ စစ်ဆေးနေစဉ်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည် (ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 32 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 41 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 33 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို