ခင်ဦးနယ်ရှိ ကံသစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ၊ လေးကြိမ်မြောက်မီးရှို့ခံရခြင်းဖြစ်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့သိရပါတယ်။ အခုအကြိမ်နဲ့ ဆိုရင် ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ခံရတာလည်းဖြစ်ပါတယ်။ စစ်တပ်မီးရှို့ဖျက်ဆီး တာကြောင့်နေအိမ် ၆၅လုံးမီးလောင်ပြာကျခဲ့ရပြီး စစ်ရှောင်အဘွားအိုတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ရတယ်လို့ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။...









