နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝတ်စုံအပြည့်အစုံနဲ့ နှစ်ရက်ဆက်တိုက် ရုပ်ရှင်ဆန်ဆန် အကြမ်းဖက်ဖမ်းဆီးတာတွေပြုလုပ်

မန္တလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝတ်စုံအပြည့်အစုံနဲ့ နှစ်ရက်ဆက်တိုက် ဆိုင်ထိုင်နေတဲ့ ပြည်သူအချို့ကို အကြမ်းဖက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ (၉) ရက်နဲ့ (၁၀)ရက်နေ့မှာ မန္တလေးမြို့ရှိ လဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေမှာ ထိုင်နေတဲ့ ပြည်သူအချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးတာကို စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ရုပ်သံနဲ့ ဖော်ပြခဲ့တာပါ။

မန္တလေးမြို့ပေါ်က ဆိုင်တွေကို ဝင်ရောက်စီးနင်းတဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အထူးတပ်ဖွဲ့ဝတ်စုံအပြည့်အစုံနဲ့ သေနတ်ပစ်ဖောက်တာတွေအပြင် ဆိုင်ထိုင်နေတဲ့သူတွေကို ဆဲဆို၊ ရိုက်နှက်၊ ဆောင့်ကန်တာကို တွေ့ရပါတယ်။
ဒါ့ပြင် ဖမ်းဆီးခံရသူတွေကိုလည်း ဦးခေါင်းအား အစွပ်တွေစွပ်ကာ ကားပေါ်ခေါ်တင်သွားခဲ့သလို မန္တလေးမြို့အတွင်း ခိုအောင်းနေတဲ့ PDF တွေကို ဖမ်းဆီးတာဆိုပြီး အထက်ပါချန်နယ်တွေကနေ ဖော်ပြခဲ့ပါတယ်။

ဒီလိုဖမ်းဆီးခဲ့တာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒီကနေ့ ဩဂုတ်လ (၁၁) ရက်အထိ အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးဘဲ ဒီလိုလုပ်ရပ်က ရုပ်ရှင်ဆန်ဆန် ပြုလုပ်တာလို့ မြို့နေပြည်သူတွေက ပြောဆိုနေကြပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် နှစ်အလယ်ပိုင်းကလည်း မန္တလေးမြို့ပေါ်က လဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ဝတ်စုံအပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းပြီး ဆိုင်ထိုင်သူတွေကို ဖမ်းဆီးတဲ့ပုံစံနဲ့ ရုပ်ရှင်ဆန်ဆန် ရိုက်ကူးခဲ့ဖူးသေးတယ်လို့ သတင်းတွေအရ သိရပါတယ်။

Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့
မြန်မာသတင်း

အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်တာတွေကို စိုးရိမ်တယ်ဆိုပြီး စစ်ကော််ရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 14 Views
မတ်လ (၇)ရက်။ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်တာတွေအတွက် အလွန် စိုးရိမ်ပူပန်တယ်‌ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

ကနီမှာ ရှင်ပြုအလှုပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 15 Views
မတ်လ (၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ကနီမြို နတ်လာပိုရွာမှာ ရှင်ပြုအလှူပွဲပြုလုပ်တဲ့ နေအိမ်ကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နမခဘက်ကနေ အသေခံဒရုန်း (၃)စီးနဲ့ ချင်းတွင်းမြစ်ရိုးက ရွာတွေကို
မြန်မာသတင်း

SRA အဖွဲဝင်တွေ ဖမ်းဆီးခံထားရတဲ့အပေါ် MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက်ညှိနှိင်းနေ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 13 Views
မတ်လ (၇)ရက်။ SRA အဖွဲဝင်အချို ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ပတ်သက်ပြီး MOD စစ်ရုံးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးညှိနှိင်းနေတယ်လို BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ကျနော်တို SRA အနေနဲ့ကတော့ MOD စစ်ရုံးချုပ်နဲ့
မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 40 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ကချင်ကုန်းရွာနားကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 34 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မတ်လ (၄)ရက်နေ့ ည (၉)နာရီ (၂)မိနစ်နဲ့ (၂၈)မိနစ်တိုမှာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 39 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 41 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့