NUG ပြုပြင်ပြောင်းလဲရေး လူထုထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြမယ်လို ယာယီသမ္မတပြော
ဒီဇင်ဘာလ (၁၉)ရက်။ NUG ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို လူထရဲ့ထောက်ခံမှု ထပ်မံရရှိအောင် အလုပ်နဲ့သက်သေပြဖို ကြိုးစားမယ်လို ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က ပြည်ထောင်စုလွှတ်တော် အဋ္ဌမအကြိမ်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ အစိုးရအဖွဲပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အားမလိုအားမရမှုတွေ ရှိတယ်ဆိုတာ...









