ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့...









