နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီထုတ်ပြန်
ဇူလိုင်လ (၁၆)ရက်။ ဒီကနေ့အချိန်အထိ နိုင်ငံရေးပါတီ (၁၉)ခုအထိ တည်ထောင်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူတွေဟာ သူတို့တည်ထောင်လိုတဲ့ ပါတီအမည်ကို ဖော်ပြပြီး လာရောက်လျှောက်ထားနေကာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့အဖွဲ့ (၂၇)ဖွဲ့ရှိတယ်လို့...









