နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

အောက်တိုဘာလ (၃၁)ရက်။

ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။

“ အနုပညာရှင်တွေ နိုင်ငံရပ်ခြားထွက်ရင် ကြိုအကြောင်းကြားပြီးမှ သွားလို့ရပါတော့မယ်။ ဒီနေ့တဖွဲ့ လှည့်ပြန်လာခဲ့ရပါတယ်။ လေယာဉ်လက်မှတ်ဆုံးမယ်၊ အလုပ်ပျက်မယ်၊ ကြိုဆက်သွယ် အကြောင်းကြားပြီးမှ သွားပါ” လို့ ရေးသားထားပါတယ်။

အနုပညာရှင်တွေအနေနဲ့ ပြည်ပထွက်ခွာလိုရင် သက်ဆိုင်ရာကို ကြိုတင်ဆက်သွယ်ကာ အကြောင်းကြားဖို့နဲ့ အဲ့ဒီလိုမဟုတ်ပါက လေယာဉ်ကွင်းကနေ လှည့်ပြန်လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုအခါ စစ်တပ်ဟာ သူတို့ရွေးကောက်ပွဲ အောင်မြင်စေဖို့အတွက် အနုပညာရှင်တွေကို ဝါဒဖြန့်ဇာတ်လမ်းတွေမှာ ပါဝင်စည်းရုံးဖို့ဆိုပြီး ဖိအားပေးတာတွေ ပြုလုပ်နေတာပါ။

တကယ်လို့ ပူးပေါင်းပါဝင်ခြင်း မရှိတာနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုရေးသားတဲ့ အနုပညာရှင်တွေကို စစ်တပ်က ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူနေပါတယ်။

နောက်ပြီး တဖက်မှာလဲ ပြည်သူတွေက စစ်တပ်ကပြုလုပ်တဲ့ ပွဲလမ်းသဘင်တွေ တက်တာနဲ့ ပြည်ပမှာ ဖျော်ဖြေရေးပွဲလာလုပ်တဲ့ အနုပညာရှင်တွေကို Boycott လုပ်တာတွေ ရှိနေပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်လမ်းဖြစ်တဲ့ “ ခေတ်သမိုင်းကို ဒုန်းဆိုင်းမယ့်သူများ” မှာ ပါဝင်တဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့နဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက သတိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖြူးမြို့မှာ လေကြောင်းဗုံးကြဲတဲ့ စစ်တပ်ရဲ့ စက်တပ်ယာဉ်တစ်စီး ပျက်ကျကာ (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဖြူးမြို့ရှိ မကျည်းတောင်ကုန်းရွာကို စစ်တပ်က စက်တပ်လေယာဉ် (၂)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်‌ဌာနရဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့ တားမြစ်ချက်တွေပါဝင်တဲ့ လုပ်ထုံးလုပ်နည်း ချင်းပြည်ကောင်စီ ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 36 Views
နိုဝင်ဘာလ (၆)ရက်။ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးဖို့နဲ့ ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချင်းပြည်ကောင်စီ(Chinland Council)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 35 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ထီဖိုးစံရွာဘက်မှာ အခုလဆန်းပိုင်းကစပြီး မနေ့ကအထိ စစ်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်ဘက်က
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 23 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ ဖရူဆိုမြို့နယ်ထဲရှိ စစ်ကောင်စီတပ်တွေဟာ ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဘက်ကို ဦးတည်ကာ စစ်ရေးလှုပ်ရှားတာတွေ
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နယူးဇီလန်လွှတ်တော် သတ်မှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 22 Views
‌နိုဝင်ဘာလ (၆)ရက်။ မနေ့ကပြုလုပ်တဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအဆိုတင်သွင်းတာကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုခဲ့သလို နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 48 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 40 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 37 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ