Facebook မှာ လက်သုံးချောင်းပုံတင်လို့ဆိုပြီး ရန်ကုန်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook မှာ လက်သုံးချောင်းထောင်ထားတဲ့ပုံတင်လို့ဆိုပြီး ရန်ကုန်ရှိ တောင်ဒဂုံမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ၁၉ရပ်ကွက်နေ မမြကေခိုင်(၃၇)နှစ်အား လူမှုကွန်ယက်စာမျက်နှာမှာ လက်သုံးချောင်းထောင်ထားတဲ့ပုံ တင်လို့ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့တာပါ။...









