မော်လမြိုင်မြို့မှာ စစ်ကောင်စီက အချုပ်ထောင်သစ် တည်ဆောက်နေ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီက အချုပ်ထောင်သစ်တစ်ခု တည်ဆောက်နေတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ အဆိုပါ အချုပ်ထောင်သစ် တည်ဆောက်နေတာနဲ့ပတ်သက်ပြီး ဇွန်လ ၂၃ရက်နေ့က စစ်ကောင်စီခန့် ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းက သွားရောက်စစ်ဆေးခဲ့တာကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထို မော်လမြိုင်အချုပ်ထောင်သစ်မှာ...









