ဆေးနဲ့ ဆေးပစ္စည်း ပေးပို့လှူဒါန်းနိုင်ရေးအတွက် ဒေါက်တာဇော်ဝေစိုးက Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇွန် ၅ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်မှာရှိတဲ့ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံးကို သွားရောက်ပြီးတော့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာမြန်မာနိုင်ငံကို ဆေးနဲ့...









