နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆေးနဲ့ ဆေးပစ္စည်း ပေးပို့လှူဒါန်းနိုင်ရေးအတွက် ဒေါက်တာဇော်ဝေစိုးက Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံး တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇွန် ၅ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့တော်မှာရှိတဲ့ Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံးကို သွားရောက်ပြီးတော့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။


အဲဒီလိုတွေ့ဆုံရာမှာမြန်မာနိုင်ငံကို ဆေးနဲ့ ဆေးပစ္စည်း ပေးပို့လှူဒါန်းနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
Project C.U.R.E. အပြည်ပြည်ဆိုင်ရာ ဌာနချုပ်ရုံးရဲ့ Project C.U.R.E. မှ President and CEO ဖြစ်သူ Dr. Doug Jackson ၊ Vice President များဖြစ်ကြတဲ့ Kristofer Anderson နှင့် Deborah Johns တို့နဲ့ ဆွေးနွေးခဲ့တာပါ။

Project C.U.R.E.ရဲ့ CEO ဖြစ်သူ Dr. Doug Jackson က “လက်ရှိအချိန်ကာလမှာ မြန်မာပြည်တွင်းက တိုင်းရင်းသားလူမျိုးနွယ်ပေါင်းစုံ ဒုက္ခဆင်းရဲခြင်းမြောက်မြားစွာ ကြုံတွေ့ခံစားနေရတာကို နားလည်ကိုယ်ချင်းစာနာကြောင်းနဲ့ Project C.U.R.E. အနေနဲ့ မြန်မာပြည်သူများကို အတတ်နိုင်ဆုံးကူညီဆောင်ရွက်သွားမယ်” လို့ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးမှုကို ကို ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အထူးဝမ်းမြောက်ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး အစည်းအဝေးမှာ တိုင်ပင်ဆုံးဖြတ်ခဲ့သော လုပ်ငန်းစဉ်များကို ချက်ချင်းအကောင် ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုအပြီးမှာ Project C.U.R.E. တာဝန်ရှိသူတွေက Project C.U.R.E. အလုပ်ရုံအဆောက်ဦးနဲ့ လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး သိရှိနားလည်နိုင်အောင် လှည့်လည်ပြီး အသေးစိတ်ရှင်းလင်းပြသခဲ့ပါတယ်။
Project C.U.R.E အဖွဲ့ကြီးက နိုင်ငံပေါင်း (၁၃၅) နိုင်ငံကျော်မှာ ကန့်သတ်အရင်းအမြစ်ရှိတဲ့ ဒေသများမှ လူနာများအတွက် ဆေးနဲ့ ဆေးပစ္စည်းများကို ကူညီဖြန့်ဖြူးလှူဒါန်းလျက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်ပါတယ်။
Era’sEye/Photo/NUG/REF:PVTV

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 7 Views
မတ်လ (၁၅)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၄)မှုရှိခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ အမျိုးအစားတွေဟာ အခြားချိုးဖောက်မှုတွေအနေနဲ့ (၁၃၇)မှုနဲ့ အများဆုံးဖြစ်ပြီး ပစ္စည်းတွေဖျက်ဆီးခံရတာ (၁၃၀)မှု၊
မြန်မာသတင်း

ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်း

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ မနေ့က နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံသား (၃၇၅)ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ ကျားဖြန့်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသားတွေကို မြန်မာ-ထိုင်း အမှတ်(၂)
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပူးလူးတူးစခန်း သိမ်းပိုက်ရရှိခဲ့တဲ့ မှတ်တမ်းဓါတ်ပုံတွေ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 12 Views
မတ်လ (၁၅)ရက်။ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ပူးလူးတူးစခန်းကို သိမ်းပိုက်ရရှိခဲ့တဲ့အပေါ် KNU က ဒီကနေ့မှာ မှတ်တမ်းဓါတ်ပုံတွေနဲ့ အတည်ပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ(၃၁) ပွိုင့် (၁၂၄၈) ပူးလူးတူးခြေကုပ်စခန်းကို KNLA တပ်မဟာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 10 Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မိုးဗြဲမြို့ကို ပြန်ရရှိဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး လူအင်အားတွေ၊
မြန်မာသတင်း

စဉ့်ကူးမြို့ လက်ပံလှရွာဈေး စစ်ကောင်စီ ဗုံးကြဲခံရပြီး အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 8 Views
မတ်လ (၁၅)ရက်။ မနေ့က နေ့လယ် (၃)နာရီဝန်းကျင်က စဉ့်ကူးမြို့ လက်ပံလှရွာ လူစည်ကားတဲ့ဈေးတန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ လက်ပံလှရွာက အဝေးပြေးကားတွေ ‌ခဏရပ်ပြီး ခရီးသည်တွေ ထမင်းစားနားတဲ့