အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့တွေနဲ့အကြား ထိတွေ့တိုက်ပွဲပေါင်း...









