မြန်မာအရေး ပိုမိုအာရုံစိုက်ဖြေရှင်းဖို့ နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
ဖေဖော်ဝါရီလ (၁၂)ရက်။ မြန်မာအရေး ပိုမိုအလေးထား အာရုံစိုက်ဖြေရှင်းဖို့ နိုင်ငံတကာကို ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကုလဌာနချုပ်မှာပြုလုပ်တဲ့ အထွေထွေဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကနေ့အထိ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်သူ သန်း(၂၀)ခန့်ရှိပြီး (၃)သန်းခွဲကျော်ဟာ...









