နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ဂျပန် ဆေးကုသမှု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဧပြီလ (၂) ရက်။

မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်နှင့် ဒဏ်ရာရသူ ၄,၆၀၀ ကျော်ရှိလာပြီဖြစ်ရာ ဆေးကုသမှု အကူအညီများပေးရန် ဂျပန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။

အဆိုပါငလျင်ကြောင့် လူပေါင်း ၂,၈၈၆ ဦး သေဆုံးကာ ၄,၆၃၉ ဦး ဒဏ်ရာရရှိကာ ၄၇၃ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးတွင် ဂျပန်လူမျိုးတစ်ယောက်နှင့် အဆက်အသွယ် မရသေးကြောင်းသိရပြီး ၎င်းသည် ပြိုကျသွားသည့် Sky Villa Condo တွင် နေထိုင်ကြောင်း သိရသည်။

ဂျပန်အစိုးရမှ စေလွှတ်ထားသော အရေးပေါ် ဆေးကုသမှု ကယ်ဆယ်ရေးအဖွဲ့သည် ရန်ကုန်လေဆိပ်သို့ ဧပြီလ (၂) ရက်နေ့တွင် ရောက်ရှိလာသည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် သီတင်းနှစ်ပတ်ခန့် နေထိုင်မည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိထားသော ဒေသများတွင် ဆေးဝါးကုသမှုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ခေါင်းဆောင် “ ယာမာ ဟီဒေယူကီ” က “ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေကို ဂျပန်နိုင်ငံရဲ့ စာနာမှုကို တတ်နိုင်သမျှ အမြန်ဆုံးရောက်အောင် ပေးပို့လိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 25 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 36 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့